Friday, October 2, 2015

ရင်တွင်းကဗျာ

ဘာရယ်​လို့​မဟုတ်​ပဲ
စကားလုံး​တွေမှားတတ်​တဲ့​ကောင်းကင်
ဝါကျမမှန်​ပဲ သီဖွဲ့တတ်​တဲ့စာတချို့
ကဆုန်​​ပေါက်​ မညာမညာက ခုန်​တတ်​တဲ့ ရင်​ခုန်​သံတချို့နဲ့
ဝေဒနာ​တွေတသီကြီး ဖြန့်​ခင်းထားတဲ့ လမ်းမကြီးထက်
နေ​ရောင်​ကို လက်​သီးဆုပ်​ထဲထည့်​ချင်​သူအဖို့
ချိုရှရှ ၀ိုင်​တ​လောက်​​လောက်​မျှ
မေ့မူးစရာ ဖ၀ါး​တော်​ရိုက်​ခွင့်​မှ
သခင်​က မ​ပေးသနားခဲ့ပါပဲ​လေ
လွမ်း​နေ​တော့လဲ
မိုက်​မဲသူကျ​တော့်​အဖို့
ပန်​​တော်​ဆင်​ ပွဲဝင်​လာမှာမှ
မဟုတ်​ပဲ
သခင်​မရယ်


No comments:

Post a Comment