Friday, October 2, 2015

ကားးပြုပြင်နည်း

မြန်မာအင်ဂျင်နီယာဖိုရမ် > အင်ဂျင်နီယာနယ်ပယ် > အီလက်ထရောနစ်အင်ဂျင်နီယာပညာ > အီလက်ထရောနစ်နှင့်ပတ်သတ်သည့် ပျက်စီးသည့်နေရာများအားရှာဖွေခြင်း
PDA
View Full Version : အီလက်ထရောနစ်နှင့်ပတ်သတ်သည့် ပျက်စီးသည့်နေရာများအားရှာဖွေခြင်း

sawkyiiphyu
12-04-2010, 11:31 PM
အီလက်ထရောနစ် ပစ္စည်းတစ်ခုခု. အလုပ်လုပ်ဆောင်ပုံတစ်ခုခု ပျက်နေပြီဆိုရင်တော့ ပျက်နေတာတော့သိတယ်ဗျာ . ဘယ်နေရာက ပျက်တာလဲလို ပြောဖို့ကျတော တော်တော်လေးရှာယူရတယ်...ဆားကစ်ပတ်လမ်းကတော့မသိမဖြစ်သိရမယ်..ပြီးမှ ဆားကစ်ပတ်လမ်းကို ဖြည်းဖြည်းချုံပြီး ပြစ်ချက်တစ်ကန့်လိုက် မတွေ့မချင်းရှာယူရတာ...ဥပမာဗျာ ကားရဲ့  စက်နှိုးလိုမရတာ ပြစ်ချက်ရှာတာကနေစပြောမယ်ဗျာ အကြမ်းမျဉ်းကတော စက်နိုးတဲ့ ဆားကစ်ပတ်လမ်းကိုတော့သိဖို ပထမဆုံးအရေး ကြီးတယ် ဗို့အားရှိမရှိစစ်ဆေးရမှာပါ.....အီလက်ထရောနစ်ပစ္စည်းအားလုံးကဗို့အားကို အသုံးပြုပြီးအလုပ်လုပ်ကြတာဆိုတော အရေးအကြီးဆုံးက ဗို့အားရောက်မရောက်စစ်ဆေးဖို့စစ်ဆေးဖို့ပါပဲ ဦးဆုံးကတော့ သော့ခလုတ်ဆီလျှပ်စီးရောက်မရောက်ကိုစစ်...လျှပ်စီးရောက်ရင်တော့ပြစ်ချက်ကကြိုးမှာဖြစ်နေတာ လျှပ်စီးရောက်ပြီးသောအုံကနေလျှပ်စီးမထွက်လာရင်တော ပစ်ချက်ကသော့အုံ ၊ သော့အုံကနေလျှပ်စစ်ထွက်တယ်ဆိုရင်တော့ starter ဆီက သွားတဲအပိုင်းကို စစ်ဆေးရမယ်... starterဆီကို လျှပ်စီးလာမလာစစ်လိုက် လျှပ်စီးမလာရင်တော ကြိုးက ဂရောင်း(ground) ကျနေတာ...လျှပ်စီးလာရင်တော့ starter မကောင်းတာသေချာတာပေါဗျာ...အဲလိုမျိုး အကြီးကနေပြီး ဖြည်းဖြည်းချင်းချုံလာပြီးမှ ပြစ်ချက်ရှာရတာဗျာ..အီလက်ထရောနစ်ဆားကစ်ပတ်သတ်တဲ့ပြစ်ချက်မျိုးတွေလည်းဒီလိုပဲ ဒီကောင်တွေကတစ်ခုနဲတစ်ခု ချိတ်ဆက်ပြီး အလုပ်လုပ်တော့ဆားကစ်တစ်ခုခု အလုပ်မလုပ်တာနဲ အခြားအပိုင်းတွေလည်း အလုပ်မလုပ်တော့ ပြစ်ချက်ရှာရတာခက်တယ်လေ....အင်ဂျင်နီယာတွေလည်းဆရာဝန်တွေလိုပါပဲ...ရောဂါသိရင်ဆေးရှိပါတယ်...အဓိက ပစ်ချက်ကိုရှာဖွေတတ်ဖိုက အရမ်းအရေးကြီးပါတယ် အဲဒါမှလည်း လဲသင့်တဲပစ္စည်းကိုလဲ ပြင်လိုရနိုင်တဲပစ္စည်းကိုပြင်လိုက်ရင် ကောင်းသွားမှာပါ....စာတွေကို လက်တွေမှပါ အသုံးချနိုင်အောင်လုပ်ဖို့အရေးကြီးပါတယ်...အင်ဂျင်နီယာနဲ အခြားလက်တွေလုပ်တဲ့လူတွေနဲကွာခြားချက်ကတော့ တွေးခေါ်မှုတွေပါပဲ....အီလက်ထရောနစ်အင်ဂျင်နီယာများအနေဖြင့်..ဘယ်အီလက်တရောနစ်ပစ္စည်းမဆို ရဲရဲဝင့်ဝင့်သာ အထက်ပါအတိုင်းပစ်ချက်ရှာဖွေပြီး ပြင်ဆင်နိုင်ကြပါစေရန်...ဆုတောင်းရင်း
sawkyiiphyu
12-05-2010, 07:10 AM
ဆားကစ်အသေးလေးတွေပျက်စီးသွားရင် အသစ်ပြန်လည်ပြင်ဆင်ဖို့ ဖိုထက် အသစ်လဲတာက မြန်မာနိုင်ငံအတွက်ပိုမိုကောင်းမွန်ပါတယ်...အဲဒီထဲမှာပါတဲ့ပစ္စည်း လေးတွေက အပြင်မှာရှာဝယ်ဖို့အတွက် အခက်အခဲရှိပါတယ်..တစ်အားသေးတဲ့ resistor တွေကို မြန်မာမှာရှာဝယ်ဖို အတော်အခက်အခဲရှိပါတယ်.....အီလက်ထရောနစ်ပစ္စည်းတစ်ခုခု ပျက်စီးသွားရင် ဘာကြောင့်ပျက်တယ်ဆိုကို ပစ်ချက်ရှာဖွေရပါတယ် ပြီးမှ အဲဒီအပိုင်းကို သေချာ ပြင်ဆင်ပြီးမှ လဲလှယ်သင့်ပါတယ်..နို့မို့ဆိုရင် အသစ်လဲလှယ်လဲ အဲဒီပစ်ချက်အတိုင်းထပ်ဖြစ်နေမှာ မိုလိုပါပဲ..အဓီကအားဖြင့်တော့ ကားတွေမှာပါတဲ့ အီလက်ထရောနစ် ပစ္စည်းတွေက လောင်သွားပြီဆိုရင် ပစ်ချက်ကိုမတွေ့မချင်း ချက်ချင်းမလဲလိုက်ပါန့ လဲလိုက်လိုကတော..ပြန်ပျက်တာပဲ အဖတ်တင်ကျန်လိုက်မယ်... အဲဒါကြောင့် ပစ်ချက်ရှာဖွေနိုင်ဖို့က အဓိကကျပါတယ်....ဥပမာဗျာ..ကားထဲကအချက်ပြ sensor မီး ကျွမ်းတယ်ဗျာ အဲဒါကို ချက်ချင်းလဲလိုက်တယ်ဆိုရင်တော့ သာမန်ဖြစ်တာဆို အကြောင်းမဟုတ်ဘူး..ဂရောင်းကျနေတယ်ဆိုရင်တော့ပြန်ကျွမ်းမှာပဲ
အဲဒီ ဂရောင်းကျတဲ့နေရာကို ရှာပြီး ပြင်ဆင်ပြီးမှ အသစ်လဲလိုက်တာကောင်းပါတယ်.....နောက်ပိုင်းကျမှ ကားတွေမှပါတဲ့ အီလက်ထရောနစ်နဲပတ်သတ်တဲအကြောင်းတွေကို ထပ်ရေးပေးမယ်ဗျာ ဒီနေတောပျင်းလာပြီ.. မေးစရာရှိရင်တောအားမနာတမ်းမေးနော်
Naing HL
03-14-2011, 06:07 AM
ကို စောကြည်ဖြူ ခင်ဗျာ ကားထဲက မီးက ဂရောင်းကျပြီးဘာလို့ ကျွမ်းတယ်ဆိုတာ ဥာဏ်မမှီဘူး ဖြစ်နေတယ်ဗျာ ကျွန်တော့ ကို ရှင်းပြကြပါအုံး
အေ၇ာ
03-14-2011, 06:41 AM
အချက်ပြမီးပတ်လမ်းမှာ ဂရောင်းကျနေလို့ Fuse သို့မဟုတ် ဖလက်ရှာယူနစ် ကျွမ်းသွားတာကိုပြောတာလို့ယူဆပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ
အေ၇ာ
03-14-2011, 07:58 AM
ဥပမာဗျာ ကားရဲ့  စက်နှိုးလိုမရတာ ပြစ်ချက်ရှာတာကနေစပြောမယ်ဗျာ အကြမ်းမျဉ်းကတော စက်နိုးတဲ့ ဆားကစ်ပတ်လမ်းကိုတော့သိဖို ပထမဆုံးအရေး ကြီးတယ် ဗို့အားရှိမရှိစစ်ဆေးရမှာပါ.....အီလက်ထရောနစ်ပစ္စည်းအားလုံးကဗို့အားကို အသုံးပြုပြီးအလုပ်လုပ်ကြတာဆိုတော အရေးအကြီးဆုံးက ဗို့အားရောက်မရောက်စစ်ဆေးဖို့စစ်ဆေးဖို့ပါပဲ ဦးဆုံးကတော့ သော့ခလုတ်ဆီလျှပ်စီးရောက်မရောက်ကိုစစ်...လျှပ်စီးရောက်ရင်တော့ပြစ်ချက်ကကြိုးမှာဖြစ်နေတာ လျှပ်စီးရောက်ပြီးသောအုံကနေလျှပ်စီးမထွက်လာရင်တော ပစ်ချက်ကသော့အုံ ၊ သော့အုံကနေလျှပ်စစ်ထွက်တယ်ဆိုရင်တော့ starter ဆီက သွားတဲအပိုင်းကို စစ်ဆေးရမယ်... starterဆီကို လျှပ်စီးလာမလာစစ်လိုက် လျှပ်စီးမလာရင်တော ကြိုးက ဂရောင်း(ground) ကျနေတာ...လျှပ်စီးလာရင်တော့ starter မကောင်းတာသေချာတာပေါဗျာ...အဲလိုမျိုး အကြီးကနေပြီး ဖြည်းဖြည်းချင်းချုံလာပြီးမှ ပြစ်ချက်ရှာရတာဗျာ..
အီလက်ထရောနစ်ပစ္စည်းအားလုံးကဗို့အားကို အသုံးပြုပြီးအလုပ်လုပ်ကြတာဆိုတော အရေးအကြီးဆုံးက ဗို့အားရောက်မရောက်စစ်ဆေးဖို့စစ်ဆေးဖို့ပါပဲဆိုတာကို အေ၇ာ သဘောမတူပါဘူးရှင်။
သင့်တင့်လျောက်ပတ်တဲ့လျှပ်စီး စီးနေတာဟုတ်မဟုတ်သိဖို့အရေးကြီးတယ်လို့အေ၇ာအနေနဲ့ ပြင်ပြောချင်ပါတယ်။

လျှပ်စီးကြောင်းလို့ပြောရင်ပြော ပိုတိကျစေချင်လျှင် အီလက်ထရွန်စီးကြောင်းကို အားပြုပြီးအလုပ်လုပ်တာလို့ဆိုနိုင်ပါတယ်။ စကားကပ်ပြောတယ်လို့ လွယ်လွယ်ကောက်ချက်မချပဲ မှန်ကန်တိကျအောင်မြင်နိုင်ဖို့ အားထုတ်ကူညီပေးတာလို့ မှတ်ယူစေလိုပါတယ်။ (ဗို့အားရောက်ရှိမှလည်း လျှပ်စီးရှိနိုင်မှာတော့မှန်ပါတယ်၊ တိုင်းတာစစ်ဆေးကြည့်ရှုစဉ် ဗို့အား
အပြည့်အ၀ရောက်နေယုံနှင့်မပြီးသေးတာရယ်၊ လျှပ်စီးကြောင်းကသာ အမှန်တစ်ကယ်အလုပ်လုပ်တာရယ်ကိုပေါ်လွင်စေလိုတာဖြစ်ပါတယ်။)
(ကုန်ကုန်ပြောရလျှင် ဗို့အားအတက်အကျ တိုင်းတာထောက်လှမ်းတဲ့ အီလက်ထရောနစ်ပစ္စည်းတောင်မှ အတွင်းပတ်လမ်းမှာ ရီစစ္စတာတို့ကိုလျှပ်စီးစီးစေပြီး (လျှပ်စီး x လျှပ်စီးခုခံမှု) အပေါ်မူတည်ဆုံးဖြတ်တာဖြစ်ပါတယ်။

ဒါကြောင့် စက်နှိုးပတ်လမ်းမှာ ကြုံတွေ့ရတတ်တာက
ဗို့အားအပြည့် ရောက်တယ်၊ မော်တာလည်းလည်တယ်၊ ဒါပေမယ့် အားနည်းနေပြီးစက်မနိုးဘူးဆိုတာမျိုးဖြစ်တတ်ပါတယ်။
အထူးသဖြင့် ၁၂ဗို့ ဘက်ထရီသုံးတဲ့ ကားကြီးတွေမှာကြုံရပါမယ်။
ပတ်လမ်းအဆက်များညံ့ဖျင်းမှု၊ ဘက်ထရီအတွင်းခုခံမှု စတာတွေ စစ်ဆေးရှာဖွေမှ အဖြေတွေ့မှာဖြစ်ပါတယ်။
(အဲဒီလို ချို့ယွင်းချက်ရှိနေသည်ဟုယူဆလျှင် ဘက်ထရီကို ၀န်ဆွဲစေပြီး ဘက်ထရီအထွက်နေရာနှင့် မော်တာအ၀င်တို့ရှိဗို့အားများကို စစ်ဆေးကြည့်ရန်လိုပါတယ်။ ဘက်ထရီသတ်မှတ်ဗို့အားရယ် တိုင်းတာရရှိတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး ဘက်ထရီအပြစ်လား/ ပတ်လမ်းအပြစ်လား/ မော်တာအပိုင်းကလား ဆိုတာဆုံးဖြတ်လို့ရပါတယ်။)

(အေ၇ာကို အခြေခံရေဒီယိုပြုပြင်နည်းရှင်းပြပေးတဲ့ အစ်ကိုကြီးဆိုလျှင် ရေဒီယို ပါဝါခလုပ်မဖွင့်မီဗို့အားနှင့် ပါဝါအွန် ပြီးဗို့အားကို စစ်ဆေးခိုင်းခဲ့တာ သတိရမိပါတယ်။ ဗို့အားကျဆင်းတာ ၁၀%ထက် များနေခဲ့လျှင် ထရန်စ္စတာအချို့ ယိုစီးမှုရှိတယ်လို့ခန့်မှန်းနိုင်ကြောင်းသိခဲ့ရပါတယ်၊ ဗို့အားကိုတိုင်းတာကြည့်တယ်ဆိုပေမယ့် ရေဒီယိုပတ်လမ်းကဆွဲယူနေတဲ့ လျှပ်စီးကိုခန့်မှန်းသိချင်တာအတွက် ဗို့အားကျဆင်းမှုကို သွယ်ဝိုက်တိုင်းတာခိုင်းတာလို့လည်း သဘောပေါ့က်ခဲ့ရပါတယ်။)

လေးစားစွာဖြင့်
အေ၇ာမေ
အေ၇ာ
03-15-2011, 12:47 AM
ဘုံဘ၀မှာကြုံရပြန်လေတယ်

အစ်ကိုကြီးတစ်ယောက် ရှင်းပြတာကြုံဖူးခဲ့တာပါ။
အီလက်ထရောနစ်ပစ္စည်းလေးတစ်ခုအကြောင်းပေါ့။
Three phase rectifier တစ်ခုရဲ့ Thyristor ၆လုံးကို အစီအစဉ်တကျ စနစ်ကျကျ Firring လုပ်ပေးမယ့် Trim လို့ခေါ်တဲ့ Control unit ကလေးလို့ပြောပါတယ်။
ဟိုလေ အစ်ကိုကြီးပြောသွားတာက ဒီစီပြောင်းယူတာတော့မှန်တယ် ရမယ်ဆိုရနိုင်သလောက် လိုချင်တာလည်းမဟုတ်ပြန်ဘူးတဲ့။ (ဘက်ထရီ ချာဂျင် လိုဟုတ်ဘူးနော် ချာတိတ်မတဲ့ ပြောခံရသေးတာ)
Charging အတွက်ဆို Diode ပဲသုံးမှာကို သိပြီးပါပြီ ကိုကြီးရဲ့ ပြောစရာရှိတာသာ ဆက်ပြောပါလို့ လောပေးမှ ရှေ့ဆက်ပြောပါတယ်။
တိုတိုပြန်ပြောရလျှင် အဲဒီအပိုင်းကို သံသယရှိလို့ Scope meter ပေါ်တင်ပြီး စစ်ကြည့်ခဲ့တယ်တဲ့။ ဖမ်းယူသိမ်းထားတဲ့ ပုံလေးတွေကို အေ၇ာကြည့်ခဲ့ရပါတယ်။
ချန်နယ် ၂ခုပဲသုံးပြီး စစ်ဆေးထားတာပါ။
၆လိုင်းလုံး တစ်ပြိုင်တည်း မစစ်ဘူးလားကိုကြီးရာဆိုတော့ ကိုယ့်ရှိတာလေးနဲ့စစ်ရတာ ဒီလောက်ပဲရမယ်တဲ့ရှင့်။
ပုံထွက်အရတော့လည်း မကောင်းဘူးလို့ မဆိုသာပါဘူးရှင်။
အားနည်းချက်ရှိပြီးပြဿနာပေါ်နေတဲ့ စနစ်ရဲ့ အခြေအနေတွေကို သုံးသပ်ကြည့်လို့ရသလောက်က ဒီပစ္စည်းအပေါ်ပဲ သံသယရှိလို့ အသစ်လဲလှယ်လိုက်တာမှာပြဿနာက လုံးဝပြေလည်သွားပါတယ်တဲ့။

စစ်တယ်ဆေးတယ်ဆိုတာမှာလည်း Instrument အပိုင်း အရေးပါတာရှိသလို မပါတာလည်းရှိပါတယ်။
အထက်ကဖြစ်ရပ်မှာ အရည်အသွေးမပြည့်တော့တဲ့ Trim ရဲ့ အခြေအနေမှန်ကို Instrument ကောင်းကောင်းသုံးနိုင်လျှင် ထင်ရှားစွာပေါ်လေမလားလို့ အေ၇ာ တွေးနေမိတာပါ။
သူတို့သုံးတဲ့ပစ္စည်းဟာလည်း ဈေးမသေးလှတဲ့ နာမည်ကြီးအမျိုးအစားထဲကပါပဲ။
Instrument အရည်အသွေးကောင်းဖို့ ပြောနေတဲ့ ဖြစ်ရပ်တစ်ခုတည်းမှာကိုပဲ လူရဲ့ဆုံးဖြတ်နိုင်စွမ်းက သာလွန်အရေးပါတာတွေ့နေရပြန်ပါတယ်။
အေ၇ာလည်းဈေးနှုန်းတွေစိတ်ဝင်စားတတ်တာနဲ့ အဲဒီပစ္စည်းက ဘယ်လောက်တန်ဖိုးရှိလဲ စပ်စုမိတော့ ငါးသိန်းကျော်မှာပေါ့ ချာတိတ်ရာတဲ့ နင်ကရောင်းချင်နေပြန်ပြီလားလို့မေးပါတယ်။
ငါးသိန်းကိုမြင်မနေနဲ့ အရင်က ပြင်ဆင်နေကြတာ ပစ္စည်းဖိုးနဲ့လုပ်အားခပေါင်းရင် သိန်းရာဂဏန်းလောက်ကုန်ပြီးသားလို့လည်း ဆက်ပြောပါတယ်။

ငွေတတ်နိုင်လို့ ၀ယ်ကွာလဲဟာဆိုတိုင်းလဲ အချက်မသိလျှင် ကွက်တိ မဖြစ်တာကို ပေါ်လွင်စေလိုတာဖြစ်ပါတယ်ရှင်။
ပြီးတော့ အရည်အသွေးကျတဲ့ ကိစ္စတွေဟာ လုံးလုံးပျက်စီးသွားတာထက် အပြစ်ရှာရ ခက်ခဲတာကို သတိပြုမိစေချင်တာဖြစ်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ
အေ၇ာ
03-15-2011, 11:23 AM
FULLY-CONTROLLED 3-PH SCR BRIDGE RECTIFIER နှင့်ပတ်သက်ပြီးစိတ်ပါဝင်စားပါက ဟောဒီမှာ အသေးစိတ်

http://services.eng.uts.edu.au/~venkat/pe_html/ch05s2/ch05s2p1.htm ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။
အဲဒီထဲမှာ SCR များအသုံးပြုရှင်းပြထားပေမယ့်၊ အပြင်လောကမှာ Thyristor တွေ (Triac) များလည်းသုံးကြောင်း သိရှိရပါတယ်။

အချိန်ရလျှင် ရုပ်ပုံလေးများ ဖြည့်စွက်ပေးပါဦးမယ်။

လေးစားစွာဖြင့်
အေ၇ာမေ
sawkyiiphyu
06-19-2011, 07:37 AM
အထက်မှာ ဆွေးနွေးတဲ့အကြောင်းအရာကို ဆက်ပါမည်....ကားအတွင်းမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းများကို ပြင်မယ်ဆိုရင်တော့ ကားမှာ သုံးတဲ့ လျှပ်စစ်က ဒီစီ ဖြစ်ကြောင်းကိုတော့ အားလုံးသတိပြုပြီးဖြစ်မှာပါ ..... ဒီစီ အသုံးပြုတဲ့ ပစ္စည်းများကို အသေအချာ ကောင်းမကောင်း စစ်ဆေးချင်တယ် ဆိုရင်တော့ အေစီ ကနေ ဒီစီ ပြောင်းပြီး လိုအပ်သော ဗိုအားနှင့် လျှပ်စီးကို အပြောင်းအလဲ တွေလုပ်ပြီး ဗို့အားထောက်ပံ့ပေးနိုင်မည့် အထောက်အကူ ပစ္စည်းများ ရနိုင်လျှင်တော့ ကောင်းမကောင်း မသေချာနေသော ကားပေါ်မှာပါသည့် အီလက်ထရောနစ်ပစ္စည်းများကို လိုအပ်သောဗို့အားနှင့် လျှပ်စီးကို ပေးလိုက်မည်ဆိုပါက ရှင်းရှင်းပင် ကောင်းမကောင်း နှင့် ပြစ်ချက်ရှာဖွေခြင်းများကို များစွာ အထောက်အကူ ပြုပါသည်။ DC power supply (voltage and current adjuster များပါဝင်) များရှိပါက ပြင်ဆင်ရေးကို များစွာ အထောက်အကူဖြစ်စေပါသည်။ ၄င်းရှိစေခြင်းဖြင့် ကားအတွင်းပိုင်းလျှပ်စစ်ပစ္စည်းများကို ပြင်ဆင်ရာ လိုအပ်သော ဒီစီ ပါဝါ ၄င်းမှ ထောက်ပံ့ပေးနိုင်ပြီး ပြင်ဆင်သည့်လူကို များစွာ ထောက်အကူပြုပေးနိုင်ပါသည်။ ၄င်း ဒီစီ power supply ရဲ့  ဆားကစ် တည်ဆောက်ပုံ နမူနာကတော့ ကိုညီရေးထားတာတွေပါတယ်
http://www.kpsec.freeuk.com/images/powers.gif
အပေါ်မှာပြထားတာကတော့ စဉ်းစားလိုရအောင် ပုံလေးထည့်ပေးလိုက်တာဖြစ်ပါတယ် အဲဒီ နမူနာပုံလေးကို ကြည့်ပြီး dc power supply ကို ကိုယ်တိုင်တည်ဆောက်နိုင်ပါစေလို ဆုတောင်းရင်း
sawkyiiphyu
06-19-2011, 08:51 AM
ပြင်ဆင်ခြင်း အဆင့်များကို အကြမ်းမျဉ်းအားဖြင့် အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ် -
(က) ဒေသန္တရ ပြင်ဆင်ခြင်း( ရရပစ္စည်းကိရိယာများဖြင့် ပြင်ဆင်ခြင်း)
( ခ) ရာသီဥတု အလိုက်ပြင်ဆင်ခြင်း
( ဂ) အသုံးပြုခဲ့သည့် သက်တမ်းအပေါ်မူတည်ပြီးပြင်ဆင်ခြင်း
(ဃ)စက်ရုံ အလုပ်ရုံတွင်ပြင်ဆင်ခြင်း
အပေါ်ကပြထားတဲ့ အချက်ထဲမှာတော့ အီလက်ထရောနစ်ပစ္စည်းများနဲ့ပတ်သတ်ရင်တော့ စက်ရုံ အလုပ်ရုံမှာ ပြင်ဆင်ခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်...................လိုအပ်သော စမ်းသပ်နိုင်သည့် ကိရိယာများ တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းရှိနေလိုပါပဲ
sawkyiiphyu
08-06-2011, 08:57 AM
ကားကို မီးလိုင်း/၀ါယာရိန်းလိုက်မယ်ဆိုရင်တော့ အချို့ တွေက ဘထ္ထရီနဲ့ ၀ါယာကြိုး နောက်တစ်ခုကတော့ မီတာ တွေသုံးကြပါတယ် ဒီထပ်ပိုကောင်း ပိုမြန်မြန်ဆန်ဆန် ပြစ်ချက်ရှာချင်တယ်ဆိုရင်တော့ wire test platform ကို အသုံးပြုရမှာပဲဖြစ်ပါတယ်.... အခြေခံကတော့ အတူတူပါပဲ ပြစ်ချက်ရှာတာက ပိုမြန်တာနဲ့ နှေးတာပဲကွာသွားပါလိမ့်မယ်.......အဓီကစစ်ဆေးချင်တာကတော့ ဘယ်ဝါယာကြိုးကပေါက်ပြီး ဂရောင်းကျနေသလဲ တစ်ခုနဲ့ တစ်ခုထိနေသလဲ ၊ ဘယ်ဝါယာကြိုးကပြတ်နေသလဲဆိုတာကို တိတိကျကျသိဖိုလိုပါတယ် အဲဒါမှ ကျန်တဲ့ အပိုင်းတွေကို ပြင်ဆင်လိုရပါလိမ်မယ်......၀ါယာကြိုးတွေက တစ်ခုတည်းဆို အကြောင်းမရှိပါ များလာပြီး ရှုပ်ထွေးလာပြီဆိုရင်တော့ ရှေးနည်းလမ်းနှစ်ခုနဲ ပြစ်ချက်ရှာမယ်ဆိုရင်တော့ သေချင်စိတ် ပေါက်သွားပါလိမ့်မည်....... အဲဒါဆိုရင်တော့ wire test platform တစ်ခုကို တီထွင် (သို့) ၀ယ်ယူဖို့လိုလာပါမယ်.................
aungcews
01-01-2012, 10:19 PM
ကားကို မီးလိုင်း/၀ါယာရိန်းလိုက်မယ်ဆိုရင်တော့ အချို့ တွေက ဘထ္ထရီနဲ့ ၀ါယာကြိုး နောက်တစ်ခုကတော့ မီတာ တွေသုံးကြပါတယ် ဒီထပ်ပိုကောင်း ပိုမြန်မြန်ဆန်ဆန် ပြစ်ချက်ရှာချင်တယ်ဆိုရင်တော့ wire test platform ကို အသုံးပြုရမှာပဲဖြစ်ပါတယ်....
အဲ့ဒီ wire test platform ကို ဘယ်လို တီထွင်နိုင်တယ်ဆိုတာလေးကို ဖေါ်ပြပေးပါဦး ၊ ကျေးဇူး
sawkyiiphyu
04-05-2012, 03:23 PM
ဝါယာလိုင်းကောင်းမကောင်းကိုတော့ မီတာနဲ စစ်ဆေးလိုက်ရင်အဆင်ပြေပါတယ် ဒါပေမယ့် ၀ါယာလိုင်းတွေအများကြီးကို ကား ၁ စီးအတွက် မဟုတ်တဲ့ ထုတ်လုပ်ရေးတွေမှာတော့ ဒီWire Test platform ကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်းခြင်းကို သက်သာစေပါတယ်။ ကျနော် အသုံးပြုနေတဲ့ စက်ကတော့ ကွန်ပြူတာနဲ့ wire test platform ကို ချိတ်ဆက်ပြီး အသုံးပြုတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကွန်ပြူတာမှာ တော့ software ရေးဖို့လိုအပ်ပါတယ်။ ထိုနောက် wire test platform မှာလည်း ကွန်ပြူတာနဲချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ် ။ wire test platform ကို ပြုလုပ်နိုင်ဖို့ စဉ်းစားတဲ့ အချိန်မှာတော့ ကိုယ်ကစစ်ဆေးချင်တဲ့ ကားအမျိုးအစားရဲ့ ၀ါယာလိုင်းတွေကို အရင်ဆုံးသိရှိ နားလည်ပြီးဖြစ်ရမည် ဖြစ်သည်။ ၄င်းဝါယာလိုင်းများအတိုင်း wire test platform မှာ ကားဝါယာ socket များ အတိုင်း အထိုင် socket များတပ်ဆင်ဆောင် ရွက်ရပါမည်။ ဒါက အကြမ်းမျဉ်းပြုလုပ်ခြင်း ဖြစ်ပါတယ် ။ သီအိုရီကတော့ စောစောကပြောတဲ့ မီတာသုံးနည်းနဲ့သိပ်တော့ မကွာခြားဘူးလို ထင်ပါတယ် ၀ါယာစ တစ်ခုကနေ ဒီစီပေးလိုက်တဲ့ အချိန်မှာ receive အပိုင်းမှာ ဘယ် ၀ါယာစမှာ ဒီစီပြန်ထွက်မှ မှန်တယ် မှားတယ် ဆိုတာကို ကွန်ပြူတာပေါ်မှာ ဆော့ဝဲနဲ့ဖော်ပြခြင်းဖြစ်ပါတယ်။ ၀ါယာစ တစ်ခုချင်းစီကနေ့ ဒီစီ ကိုပေးကြည့်လို သူသွားရမယ် ၀ါယာမှာသာမက အခြားလိုင်းမှာ ပါ ဒီစီရှိ နေတယ်ဆိုရင်တော့ ပြန်လည် စစ်ဆေးပြင်ဆင်သင့်သည့် ၀ါယာလိုင်းဆိုတာ ကို ကွန်ပြူတာမှာ ဖော်ပြပေးနိုင်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အခုတော့ example simple circuit diagram မဖော်ပြပေးနိုင်လို နောက် အချိန်ရရင် ထပ်မံ ဖော်ပြပေးပါမယ်။ ideal ကတော့ အတူတူပါပဲ ။ ကျနေုာ်ကတော့ ရှင်းပြတတ်သလိုရှင်းပြရခြင်း ဖြစ်ပါတယ်။ အခုခတ်မှာတော့ အီလက်ထရောနစ် ပစ္စည်းများ သည် လွယ်ကူစွာရရှိနိုင်သည့် အတွက် wire test platform ပြုလုပ်ရန် လွယ်ကူပြီး ကိုယ်တိုင်ကသာ ideal ရှိရန်ပင်လိုအပ်သည်။ အပေါ်မှာ ရှင်းပြတာ နားမလည်မှာ စိုးလို့ အကျဉ်းချုပ်အနေဖြင့် ထပ်မံရှင်းပြပါရစေ ကျနော်တို့ ၀ါယာကြိုးတစ်ချောင်း အတွက် wire test platform ပြုလုပ်ရန်စဉ်းစားကြည့်ပါဆို ၀ါယာကြိုးကောင်းမကောင်းကို မည့်သည့်လျပ်စစ်သမားတိုင်း စမ်းသပ်စစ်ဆေးနိုင်သည့် တစ်ဖက်ကနေ ပါဝါ ပေးလိုက်ပါက တစ်ဖက်တွင် ပါဝါအထွက် မရှိပါက ၀ါယာကြိုးပျက်သည့် ဟု ဆိုနိုင်ပါသည် ။ ဒီသဘောတရားကို အခြေခံပြီး ၀ါယာကြိုးလိုင်းပေါင်းများစွာ ပါဝင်သော ၀ါယာကြိုးလိုင်းများကို အချိန်ကုန်သက်သာစွာဖြင့် wire test platform နှင့်စစ်ဆေးနိုင်ခြင်းပင်ဖြစ်သည်။ software ရေးရန်အတွက်လည်း receiver သို့ ပါဝါ မရောက်ရှိပါက ကွန်ပြူတာsoftware ပေါ်တွင် ကောင်း ၊ မကောင်း ဆိုသည့်အချက်ကို ဖော်ပြပေးနိုင်အောင်ရေးသားထားခြင်းပင်ဖြစ်ပါသည်။
sawkyiiphyu
09-02-2012, 12:23 AM
ဒီနေ့တော့ ပြသာနာတစ်ခုနဲကြုံခဲ့တယ်.....အရင်တုန်းကတော့ သူများပြင်တာကို ကိုယ်က အကြံဥာဏ်ပေးပြီး အကူလိုက်စဉ်းစားပြီး ပြင်ပေးပါတယ်....ဒီနေ့တော့လမ်းကြုံရင်းနဲ့ ကားသမားတစ်ယောက်က သူကား charging မ၀င်လို့ဆိုပြီး ဘယ်သူကချွန်လိုက်လဲမသိဘူး အကူအညီတောင်းလာတယ် သွားကြည့်တော့ battery တွေပွက်လာလိုတဲ့ အဲဒါနဲ့ charging ကြိုးကိုဖြုတ်ပြီးမောင်းလာတာလိုပြောတယ် ပြီးတော့ ဒိုင်နမိုကထွက်တဲ့ ၀ါယာ ကြိုးနှစ်ချောင်းမှာ တစ်ချောင်းကိုချိတ်လိုက်ရင် အင်ဂျင်အသံတအားထွက်လာတယ်တဲ့ အဲလိုပြောပြီးပြင်ခိုင်းပါလေရော....ကိုယ်လည်း ၀ပ်ရှော့ဆရာမဟုတ်တော့ အင်တင်တင်နဲ့သွားကြည့်လိုက်ပါတယ်....မလိုက်ခင်တော့ အရင်စဉ်းစားလိုက်ပါတယ် OVER CHARGING ဖြစ်လို့ BATTERY တွေက ထပွက်တာလေ၊ ဘာလို့ OVER charging လဲလိုဆိုတော့ ဒိုင်နမိုကို ဖီးအိပ်ဇက်current အမြဲတမ်းရောက်နေလို့ ။ ဘာလို့ ဖီအိပ်ဇက်current အမြဲတမ်းပေးနေသလဲဆိုတော့ regulator မကောင်းတော့လို့ ဆိုပြီး စဉ်းစားပြီး သွားကြည့်လိုက်တယ် ထင်တဲ့အတိုင်းဖြစ်တာနဲ့ regulator ကို အသစ်လဲပေးလိုက်တာ အဆင်ပြေသွားတယ်လေ။ ကိုယ်ကသီအိုရီသိပေမယ့်လည်း တကယ်တမ်းကြုံတွေ့တဲ့အချိန်မှာ နည်းနည်းတော့ ချွေးပြန်တယ်လေ သူကားကတက်ကြည့်တော့ ဖြူးတွေလည်းပျက်၊ ၀ါယာတွေလည်းလောင်နေတာ၊ သူကဖြူးပျက်တာကို ပစ်ချက်မရှာပဲ ထုံးစံအတိုင်း ဖြူးအစားဝါယာသုံးပြီး မောင်းလိုက်တော့ ဒီလိုအခြေအနေဖြစ်သွားတာ။ ပြီးတော့ ပြောအုန်းမယ် regulator မလဲခင်မှာ ဘာဖြစ်သလဲဆိုတော့ regulator ကို သူကချက်ချင်းသွားဝယ်ဖို့ အခြေအနေမပေးဘူးဖြစ်နေတယ် ဘာပြောလဲဆိုတော့ နောက်နေ့မှာ regulator ရမှာမို့ဖြစ်သလိုပြင်ပေးပါတဲ့ တော်တော်ဂွကျတဲ့လူ အဲဒါနဲ့ ခင်များမောင်းပြီး charging ရမယ်နည်းလမ်းရှိတယ်ဆိုပြီး ပန်ကာကြိုးကိုချိန်ပြီးလျော့ပေးလိုက်တယ် သူကားက ၂၄ ဗို့သုံးတာ ပုံမှန်လီဗာနင်းရင် ၃၂ ဗို့လောက်ထွက်နေတယ် အဲဒါနဲ့ပန်ကာကြိုးလျော့လိုက်တဲ့ အချိန်မှာ ၂၇ဗို့ငြိမ်သွားတယ် ဘာပြသာနာထပ်တက်သလဲဆိုတော့ လီဗာနင်းလိုက်ရင် အင်ဂျင်နားက ကျီကျီဆိုပြီး အသံထွက်လာတယ်ဆိုပြီး driver ကပြောပါတယ် ကြည့်လိုက်တော့ ဘာမှ မဟုတ်ဘူး ပန်ကာကြိုးလျောလိုက်လို ပွတ်တိုက်သံထွက်နေတာလေ။။။။။ ခေါင်းကိုတော်တော်ခြောက်သွားတယ်......နောက်တော့ သူပဲ regulator ကို ၀ယ်လိုက်ပြီးလဲလိုက်တော့မှ အသံလည်းပျောက်သွားတယ် ပန်ကာကြိုးတင်းလိုက်လို .... regulator လဲလိုက်တဲ့အတွက် 28ဗို့လောက်မှာ charging က ငြိမ်သွားတော့တယ်.............ပြစ်ချက်ရှာရတာက တကယ်ကို မလွယ်ပါ........ အသစ်ဆင်ရတာမှ လွယ်ပါတယ်လိုပြောရင်း...... ဖြစ်ရပ်လေးကို အဆုံးသတ်ပါတယ်
Powered by vBulletin™ Version 4.0.8 Copyright © 2015 vBulletin Solutions, Inc. All rights reserved.


No comments:

Post a Comment